ကြာပီ

[Thursday, March 27, 2008]

ကြာဇံဟင်းခါး

မရေးတာကြာတဲ့ ဘလောက်လေးကို အစားနဲ့ ဖွင့်ပွဲ ပြန်လုပ်လိုက်ပါတယ်။
မနက်နိုးလာလာချင်း ဒီနေ့ ငါဘာလုပ်စရာရှိလဲ အရင်မတွေးပဲ ဘာစားရင်ကောင်းမလဲပြီး လျှောက်မွှေကြည့်တော့ ကြာဇံဝယ်ထားတာလေး ရယ် မှိုခြောက်ပန်းခြောက်ကလေးရယ် ပဲပြားခြောက်ရယ်တွေ့တာနဲ့ ကြက်သားသွားဝယ်ပြီး ကြာဇံဟင်းခါးချက်စားဖို့ ပြင်လိုက်ပါတယ်။





လန်ဒန်က ဗမာများအတွက်တော့ ကြာဇံဟင်းခါးဟာ လူမပင်ပန်းစေတဲ့ မြန်မာအစားအစာတစ်မျိုးဖြစ်ပါတယ်။ ပါဝင်တဲ့ပစ္စည်းလည်း နည်းပြီး ချက်ရတာလည်း လွယ်လို့ပါ။

ကဲ အရင်ဆုံး ကြက်တစ်ကောင်ကို ချင်း၊ကြက်သွန်ဖြူ အပြားလိုက်ရိုက်ပြီး ထည့်ပြုတ်လိုက်မယ်။ဆား၊ အချိုမှုန့်ကတော့ နည်းနည်းစီပေါ့။

ပြီးရင် တဖက်က
မှိုခြောက် နည်းနည်းနဲ့ (တရုတ်ဆိုင်တွေမှာ အလွယ်တကူဝယ်လို့ရပါတယ်)
ပဲပြားခြောက်ကို ဇလုံတခုထဲမှာ ရေနွေးပူပူနဲ့ စိမ်ထားပါတယ်။
ကြက်သွန်နီ၊ချင်း၊ကြက်သွန်ဖြူ နည်းနည်းစီကို စက်နဲ့မွှေထားပါတယ်။

ကြက်သားနူးလောက်ရင် ဆယ်ထားပြီး အေးတဲ့အခါ အသားတွေ နွှင်ထားပါတယ်။ အရိုးကို ကြက်ပြုတ်ရည်ထဲ ပြန်ထည့်ပါတယ်။
မွှေထားတဲ့ ကြက်သွန်ဖြူ၊နီ၊ ဂျင်းတွေကို ဆီသတ်ပြီး နနွင်း၊ အရောင်တင်ထည့်ပါတယ်။ ဆီပြန်ပြီး မွှေးလာရင် နွှင်ထားတဲ့ ကြက်သားတွေ ထည့်မွှေပါတယ်။ တခါထဲ ဆား၊အချိုမှုန့်၊ယိုးဒယားငံပြာရည်ထည့်ပါတယ်။

မွှေးလာရင် ကြက်ပြုတ်ရည်ထဲကို လုံထားတဲ့ ကြက်သားတွေ ထည့်ပါတယ်။ ပြီးရင်တော့ ရေစိမ်ထားတဲ့ ပဲပြား၊ မှိုခြောက်နဲ့ ပဲကြာဆံထည့်မွှေပေးလိုက်တော့ ကြာဇံဟင်းခါးပူပူလေး ခပ်သောက်လို့ရပါပြီ။ အပေါ့အငန်တော့ လိုသလောက်ထည့်ပေါ့။
အဲ ပုံထဲမှာတော့ ငါးဖယ်တဗူးတွေ့လို့ကြော်ပြီး ပါးပါလှီးထည့်ထားသေးတယ်။

5 comments:

Unknown | April 13, 2008 at 8:51 AM

ဘိုက်တောင်ဆာသွားပြီ
.

Anonymous | April 16, 2008 at 10:14 PM

ချက်စားတုန်းက ခေါ်လဲခေါ်ဝူးတော့. အွန့်.
ကြည့်တာနဲ့.. အရသာ ကောင်းမှန်းသိတယ်တွ.
ချက်နည်းတော့သိတွားပီ.. နောက်ကြုံရင် စမ်းလိုက်အုံးမယ်. :D

ကြာပီ | April 21, 2008 at 3:58 PM

ဆောဒီး။ ဘလောက်ကို လာလည်တဲ့လူ ရှိဘူးထင်ပြီး ပြန်မကြည့်မိဘူး။ ကြာဇံချက်က စားကောင်းလို့ တင်ပေးလိုက်တာ။ ဘလောက်ပြန်ရေးအုန်းမှ။

Chan Mya Soe | April 22, 2008 at 3:17 AM

ကိုယ်တိုင်တော့ ချက်မစားတတ်ဘူး ... သူများချက်ထားရင်တော့ စားတတ်တယ် :P ဟတ်ဟတ်

ကြာပီ | April 24, 2008 at 4:10 PM

နောက်တခေါက်ပေါ့ ဖိုးချမ်းရယ်။