ကြာပီ

[Saturday, January 10, 2009]

ရှိလား၊ ရှိတယ်။

ဗမာစကားလုံးတိုင်းရဲ့ အဓိပ္ပာယ်ဟာ အမျိုးမျိုး ရှိပါလားဆိုတာ ကျွန်မ ကျေကျေနပ်နပ်ကို လက်ခံလိုက်ပါတယ်။ ဒီဇာတ်လမ်းကို ဘယ်ကနေ စရမလဲဆိုတော့ကာ..........

နွေရာသီတုန်းက တူမလေး ဒီကို ၂လလောက် အလည်လာပါတယ်။ ၈နှစ် ၉နှစ်အရွယ်ဆိုတော့ သူမပျင်းရအောင် အိမ်နားက ပန်းခြံမှာ သွားဆော့ဖို့ရာ သူကလည်း စီးချင်တယ်ဆိုတာနဲ့ စကိတ်တရံ ၀ယ်ပေးဖြစ်ပါတယ်။ မ၀ယ်ခင် သူ့ကိုအရင် ချန်းချန်း... ထိုင်ဝမ်မှာ စကိတ်ရှိလားဆိုတော့ သူက ရှိတယ်လို့ ပြောပါတယ်။ အဲဒါနဲ့ ဟိုမှာလည်း တစ်ရံရှိပြီးသားဆိုတော့ သူနဲ့လည်း အဆင်ပြေမယ့် ဖိနပ်မှာ ဖြုတ်လို့ တပ်လို့ ရတာလေးပဲ ၀ယ်ပေးဖြစ်ပါတယ်။ ဒါပေမယ့် တကယ့်စကိတ်နဲ့ ဒါနဲ့ ဈေးက သိပ်မကွာပါဘူး။ ကျွန်မလည်း သူ့မှာ ရှိတာနဲ့ တမင်မတူအောင် ရွေးဝယ်ပေးလိုက်တာပါ။ နောက်ရက် ပန်းခြံမှာ သွားစီးကျတော့ တဘိုင်းဘိုင်း လဲပါတယ်။ အဲဒါနဲ့ချန်းချန်းမှာ စကိတ်ရှိတယ်ဆို မစီးတတ်ဘူးလားလို့ မေးကြည့်တော့မှ ချန်းချန်းဆီမှာ ရှိတာမဟုတ်ဘူး။ ထိုင်ဝမ်မှာ ရှိတာကို ပြောတာပါတဲ့............. ကဲ။ မှတ်ကရော။

အမေနဲ့ သမီးတူပုံများ.....သူ့အမေ ဟိုတလောက နေသိပ်မကောင်းတာနဲ့ သူ့သူငယ်ချင်းတစ်ယောက်က လီမွန်ရှိလား။ ပျားရည်ရှိလား။ မေးတာကို ရှိတယ်ဆိုတာနဲ့ ဟိုက ရေနွေးပူပူလေးနဲ့ အခုချက်ချင်းဖျော်သောက်လိုက်ပါလား။ သက်သာတယ်ဆိုတော့.... သူက ထိုင်ဝမ်မှာ ရှိတာကို ပြောတာ သူ့ဆီမှာ မရှိဘူးတဲ့လေ။ ဖြစ်ပုံ ပြောပါတယ်။

2 comments:

Nu Thwe | January 11, 2009 at 12:48 PM

သြော် ပေါက်နဲ့ ညီအမတွေကိုး။ သိရတာ ၀မ်းသာပါတယ်။

သက်ဝေ | May 12, 2009 at 4:12 PM

အခုတော့ သိပြီ...
ချန်းချန်းရဲ့ တီတီ...
ပေါက်နဲ့ ညီအမ...
တွေ့ရတာ ဝမ်းသာပါကြောင်း...
C Box မရှိလို့ ဒီမှာပဲ နှုတ်ဆက်သွားပါတယ်...