ကြာပီ

[Friday, February 20, 2009]

အကြော်စုံ


မနေ့က အကြော်စုံလုပ်စားဖြစ်တယ်။ ရှိတဲ့ အသီးအနှံနဲ့ စုံအောင် ကြော်လိုက်တယ်။
ရုံးပတီသီး၊ ခရမ်းသီး၊ မြင်းခွာရွက်၊ တိုဟူး၊ ပုဇွန်ဆိတ်ကြော်တို့ပါ။
အမှုန့်ဖျော်ဖို့က Self Raising Flour ၄ဆကို ဆန်မှုန့်၁ဆနဲ့ ရောမွှေပါတယ်။ ဆားနည်းနည်းထည့်ပါတယ်။
ရေသင့်ရုံထည့်ပါတယ်။ မပျစ် မကျဲဖျော်မှ ကြော်က ရွရွလေးဖြစ်ပြီး စားကောင်းမှာပါ။ Smootie ဖြစ်အောင် မွှေပြီးတာနဲ့ စားချင်တဲ့ အသီးအနှံကို ထည့်နှစ်ပြီး ဆီပူပူမှာ ကြော်ရုံပါပဲ၊

9 comments:

khin oo may | February 20, 2009 11:17 AM

စောင့်နေတာ ကြာပြီ။
ဘယ်တော့ရေးမလဲလို့
ဖတ်လဲဖတ်။စားလဲစား
ဝမ်းသာလိုက်တာ မြင်ရတာ။

khin oo may | February 20, 2009 11:18 AM

တနစ်မှာ ပို့စ် ၆ ခုကနေ ၂၂ ခု ရေးတဲ့ဘလော့ဂါကို မြင်ဘူးချင်လို့ပါ။

khinoomay77@gmail.com

ကြာပီ | February 20, 2009 11:39 AM

အဟီး
လာလည်တယ်လား အစ်မ။
ဒီလိုပဲ သတိရရင် ရေးလိုက် မရေးလိုက်။
စာသိပ်မရေးတတ်လို့ များများရေးမိရင် သူများကို အော်ဆဲနေသလို ဖြစ်မှာစိုးလို့။ ကျေးဇူး။

Aye Myat Myat Ko | February 22, 2009 8:29 AM

အော် ဘယ်ဘ၀က ၀ဋ်ကြွေးကြောင့် ကြည့်ပြီး မစားရတဲ့ blog visitor လာဖြစ်နေပါလိမ့်နော်

Ka Daung Nyin Thar | February 26, 2009 2:43 AM

မကြော်တတ်လို့ သူများကြော်ထားတာ လာသွားရည်ကျသွားတယ်..

စာပြန်ရေးနေပြီမို့လို့ ၀မ်းသာတယ် အစ်မ.. ဒါနဲ့ ရန်ကုန် ပြန်ဖြစ်လား.. မတွေ့တာတောင် အတော်ကြာပေါ့

Ka Daung Nyin Thar | February 26, 2009 2:44 AM
This comment has been removed by the author.
Nandar | March 6, 2009 11:46 PM

could you please tell me where i can buy myin kwar yuet for a kyaw sone? thank you.

ကြာပီ | April 20, 2009 11:07 AM

မအေးမြတ်မြတ်ကို ဘလောက်တွေကနေ အစားလည်စားရင်း အစားစုံတွေ လွမ်းနေတယ်ထင်ပါ့။

ကိုကဒေါင်းရေ မြန်မာမပြန်ဖြစ်သေးပါ။ ထပ်၍ပြောရရင် ရွှေပြည်တော်သို့ မပြန်ဖြစ်သေးပါ။ ကြာပီ့မှာလည်း ကိုယ့်အပူနဲ့ ကိုယ် ကလား။

နန္ဒာရေ စာတစ်ပုဒ်တင်ပြီးရေးလိုက်တယ်။ နန္ဒာသိချင်တာတွေ ပါမယ်ထင်ပါတယ်။

သက်ဝေ | May 12, 2009 4:15 PM

နောက်ခံအနက်ရောင်ကို မျက်စေ့က မခံနိုင်လို့ Post a Comment Page မှာ လာဖတ်ပါတယ်... (အသက်က စကားပြောတာပါလေ...) ဟီဟိ

အကြော်လေး နဲနဲကျွေးပါနော်... မျက်စေ့မကောင်းပေမယ့်
သွားတွေကတော့ ကောင်းပါသေးတယ်... ဝါးနိုင်ပါတယ်...