ကြာပီ

[Sunday, February 7, 2010]

ယူကေကျောင်းသားဗွီဇာ ပြောင်းလဲခြင်း


ယူကေကျောင်းသားဗွီဇာအတွက် စည်းကမ်းတွေ ပိုမိုတင်းကျပ်တော့မယ်လို့ဒီနေ့ပဲ ဘီဘီစီမှာ ကြည့်လိုက်ရတယ်။ Home Office ကတော့ တရားမ၀င်နေထိုင်ချင်တဲ့သူတွေက ကျောင်းသားဗွီဇာကို အသုံးချကြလို့ ဒီလိုလုပ်တင်းကျပ်ရတာပါလို့ဆိုတယ်။ ယူကေအစိုးရက သူ့နိုင်ငံထဲကို ပိုက်ဆံတတ်နိုင်ပြီး တကယ်ကျောင်းတတ်ချင်တဲ့ ကျောင်းသားတွေကိုသာ လက်ခံတော့မယ်ဆိုတာ ပြောင်ပြောင်တင်းတင်း ကြေငြာလိုက်တာလို့ ယူဆရတယ်။ ဒါပေမယ့် တစ်နှစ်ကို ပေါင်၅ဘီလျံကနေ ၈ဘီလျံကြားဝင်နေတဲ့ သူ့ရဲ့ကျောင်းသားဈေးကွက်ကြီး ဖရိုဖရဲဖြစ်သွားမှာကိုလ၇ည်း မလိုလားပြန်ဘူး။ တဖက်ကလည်း သန်းချီနေတဲ့ တရားမ၀င်နေထိုင်သူတွေကိုလည်း လျှော့ကျသွားစေချင်ပြန်တယ်။ ဒီတော့ ကြိုးတင်းတဲ့အနေနဲ့ ကျောင်းသားဗွီဇာကို ပြန်ကျပ်လိုက်တယ်။

အဲဒီမှာ ဘာတွေပါလာလည်းဆိုတာ့ အင်္ဂလိပ်စာကို GCSE Level နီးပါး တတ်ရမယ်ဆိုတယ်။ နောက် ၆လထက်နည်းတဲ့ သင်တန်းတက်မယ်ဆိုရင် မှီခို(ဇနီး၊သား၊...)၊တွေကို ခေါ်လာခွင့်မပေးတော့ဘူး။(ကျောင်းသားမှီခိုတွေက အချိန်ပြည့်အလုပ်လုပ်ခွင့်ရှိတယ်။) နောက်တစ်ခုက မနှစ်ကမှ ပြောင်းလိုက်တဲ့ ကျောင်းကနေ ထုတ်ပေးရတဲ့ Sponsor Letter ကို လက်မခံတော့ပဲ ပိုမိုစီစစ်ထားတဲ့ ကျောင်းတွေကထုတ်ပေးရမယ့် Acceptance Certificate ကိုပဲ လက်ခံမယ်။ စကားမစပ် မြန်မာတွေ အလာများတဲ့ Guildhall College က ပြဿနာ တတ်နေပြန်ပြီကြားတယ်။ ဒီတစ်ခါတော့ ကျောင်းတကယ်ပိတ်ရတော့မယ်ပြောတယ်။
နောက်တစ်ချက်က ဒီဂရီတတ်တဲ့ကျောင်းသားမဟုတ်ရင် အချိန်ပိုင်းအလုပ်ကို ပုံမှန် နာရီ၂၀ကနေ ၁၀နာရီပဲလုပ်လို့ရတော့မယ်ဆိုတယ်။

ဒီlaw တွေက ဖေဖေါ်ဝါရီ ၂၂ မှာ စတင်အကျုံးဝင်မှာဖြစ်တယ်ဝ။ အဲဒီနေ့နောက်ပိုင်းမှ ဗွီဇာဝင်မယ့်သူတွေ Home Office website ကို သေသေချာချာလေ့လာဖို့ အကြံပြုချင်တယ်။

ကိုးကား
http://news.bbc.co.uk/1/hi/uk/8502640.stm
http://www.bia.homeoffice.gov.uk/studyingintheuk/

1 comments:

ဇင်မင်းဝေမွန် | February 8, 2010 at 10:56 PM

အမရေ... Guildhall College တကယ်ပိတ်တော့မယ်လို့ ဘယ်လို source မျိုးကနေ ကြားတာလဲ မသိဘူးနော်။ သိရင် ပြောပြပါလား။ ခိုင်လုံမှုရှိမရှိသိချင်လို့ပါ။ သူငယ်ချင်းတွေ အဲ့ဒီကျောင်းမှာတက်နေကြတယ်လေ။ အခုကျောင်းတော်တော် များများက under suspension ဖြစ်နေကြတယ်။ အကြောင်းပြချက် အများစုက ရှိတဲ့ကျောင်းသားဦးရေနဲ့ စာသင်ခန်း မမျှလို့ပါတဲ့။ Guildhall လဲ အဲ့ဒီကိစ္စကို ဖြေရှင်းနေပါတယ်တဲ့။ သူတို့ကို ၄၅ရက် အချိန်ပေးထားပါတယ်တဲ့။