ထွေရာလေးပါး မပြောနိုင်တာကြာပီ။ ဇော်ဝင်းထွဋ္ဋ်သီချင်းလိုပဲ တဖျတ်ဖျတ်နဲ့ ရုပ်ရှင်ကြည့်ရသလို ဖြစ်ပျက်တာတွေက မြန်ဆန်လွန်းနေတယ်။ အလုပ်လုပ်တယ်။ ထွက်တယ်။ လုပ်တယ်။
ကျောင်းတက်တယ်။ ထွက်တယ်။ ပြန်တက်တယ်။ ဖီလင်ချင်းတော့ ဘယ်တူတော့ မလဲလေ။
သားသုံးကောင်လည်း မျက်စိအောက်တင် ကြီးကြီးလာလိုက်တာ အကြီးကောင်က သူ့ကို မနမ်းပါနဲ့ မေမေတဲ့။
သားတွေဆိုမှ အကြီးကောင် နောက်နှစ်ကျောင်းသွားရတော့မယ်။ ဆိုတော့ တွေ့တုန်း ပွားရအုန်းမယ်။
ကျောင်းက အွန်လိုင်းကနေ စလျှောက်လို့ရနေပြီ။ မူကြိုက ကိုယ့်မြို့နယ်လေးထဲမှာ ရှိတဲ့ကျောင်းတွေ အညွန်းစာအုပ် ပေးလိုက်တယ်။ အဲဒီထဲက ကိုယ်ကြိုက်တာ လျှောက်ပါလေပေါ့။ အိမ်နဲ့ကျောင်းနဲ့ အနီးဆုံးတွေက ရနိုင်ခြေများပါ၏။ ဘလောက်တွေ မဖတ်ဖြစ်တာကြာပီ။ မမကွန်ကလွဲလို့။ အခုနောက်ပိုင်း အဲလို ပေါပေါလေးပဲ ဖတ်ချင်တော့တယ်။ တွေးမနေရလေ ကြိုက်လေပေါ့။ စာအုပ်ကတော့ ပို့ပေးတဲ့လူဆန္ဒကို လိုက်ပြီးဖတ်ရတာကလား။ အိမ်ပြောင်းတုန်းက စာအုပ်တွေ ဂိုဒေါင်ပို့ထားရတာ အခုတော့ ၆ပုန်းတိတိ ပြန်ယူလာပြီ။ ကျောင်းလည်းစတက်ရော စာအုပ်တွေလည်း ရလာရော အံကိုက်ပဲ။ ရွှေဥဒေါင်းရဲ့ တသက်တာမှတ်တမ်းလေး နုနုရည်လာကလည်း တေးထားတာ အခုမှ ပြန်ဖတ်ရတယ်။ ထ၀ကနေ သယ်လာတဲ့ သားအမိကို ကျေးဇူးတင်စရာပဲ။ ဂလောက်ပါပဲ။ တော်သေးပီ။ ဒေါ်အေးကြည်။
[Tuesday, October 4, 2011]
Subscribe to:
Posts (Atom)