ကြာပီ

[Monday, April 20, 2009]

လုံဒုံမှာ ဈေးဝယ်စရာ

လန်ဒန်မှာ အာရှသားတွေအတွက် ဈေးဝယ်ထွက်ရတာ နယ်မှာလောက် ဟင်းစားမရှားပါ။ ကိုယ်ကလည်း အစားတလုတ် အတွက်နဲ့ အင်မတန် ဒုက္ခရှာတတ်တဲ့သူဆိုတော့ ကိုယ်သိသလောက် ဈေးဝယ်ထွက်တဲ့ နေရာတွေ ရေးထားတာပါ။

မြင်းခွာရွက်၊ ဗုံလုံသီး၊ ဒန့်ဒလွန်သီး တို့ကို Walthamstow က သီရိလင်္ကာဆိုင်တွေမှာ ရတတ်ပါတယ်။ မြင်းခွာရွက်ကို ဖော့ပုံး အဖြူရောင်နဲ့ ထည့်ထားတတ်ပါတယ်။ တစည်းကို ၃၅ပြားလောက်ပဲ ပေးရပါတယ်။ ကြာသပတေးနေ့မှာ သွားရင် လတ်လတ်ဆတ်ဆတ်ရနိုင်ပါတယ်။

ဆူးပုတ်ရွက်၊ မန်ကျည်းသီးနု၊ ရန်ကုန်အခေါ် ရှမ်းနံနံ၊ ပင်စိမ်းတို့ကိုတော့ တရုတ်တန်းလမ်းမက New Lon Moon မှာ ၀ယ်ပါတယ်။ အဲဒီမှာ ဒညင်းသီးလည်း ရပါတယ်။ ဘုရားစူး ဒညင်းသီးပါ။ အရမ်းနုပြီး နံရုံမှတပါး စားလို့မကောင်းပါ။ ဒညင်းသီးနဲ့ဆင်ဆင်တူတဲ့ အသီးတမျိုးတော့ စားဖူးပါတယ်။ အဲဒီဆိုင်မှာပဲ ရပါတယ်။ အစိမ်းရောင်ရှိပြီး ဒညင်းအသေးစားနဲ့တူပါတယ်။ အခွံမပါ ပါဘူး။ ကြော်စားရင် စားလို့ကောင်းပါတယ်။ အဲဒီဆိုင်မှာပဲ ငပိရေကျိုလည်း ရပါတယ်။ ၀ယ်ထားပြီးသား မရှိလို့ မတင်ပေးရပါဘူး။

Sanction လုပ်ထားခံရတဲ့ မြန်မာပြည်မှ တင်ပို့သော မြန်မာငါး၊ ပုဇွန်များကိုတော့ Shadwell မှာ ရနိုင်ပါတယ်။ DLR စီးရပါမယ်။ station ကနေထွက်တာနဲ့ မျက်နှာချင်းဆိုင်လမ်းကြားတလျှောက်လုံးက မြန်မာ ရေခဲစိမ်ငါးတွေ ရနိုင်တဲ့ ဆိုင်တွေပါ။ ငါးကြင်း၊ ငါးမြစ်ချင်း၊ ငါးဖယ်၊ ငါးသလောက်၊ ငါးကွင်းညို၊ ငါးသလောက်ဥ၊ တလားဗီးယား.. စတဲ့ ငါးတွေ ရတတ်ပါတယ်။ ဆိုင်တွေကို အရင် လျှောက်ကြည့်လိုက်ပါအုန်း။ အတူတူ အဖေါ်ဝယ်မယ့်သူရှိရင် ပိုတန်ပါတယ်။ တစ်ထုတ်ကို ၂ပေါင် ၃ထုတ်ကို ၅ပေါင်ဆိုတာမျိုး ရောင်းတတ်လို့ပါ။ ငါးရံ့ခြောက်လည်း အဲဒီလမ်းတလျှာက်က ဆိုင်တွေမှာ ရတတ်ပါတယ်။ ၁ကီလိုထုတ်ကို ၁၀ပေါင်ပါ။ လတ်မလတ်သေချာ အနံ့ခံနိုင်ရင် ပိုကောင်းပါတယ်။ ငါးဖေါင်ရိုးခြောက်လည်း ရတတ်ပါတယ်။ ၃ထုတ်ကို ၅ပေါင်လောက် ရှိပါတယ်။ ငါးတွေကလည်း ရေခဲနဲ့ ခဲပြီးရောင်းတာဆိုတော့ public transportနဲ့သွားရင် အထုတ်တွေ အတော်ဆွဲရမှာပါ။ ကားနဲ့သွားရင်တော့ ညနေပိုင်း ဒါမှမဟုတ် တနင်္ဂနွေနေ့မှ သွားရင် အဆင်ပြေနိုင်ပါတယ်။ parking ခက်လို့ပါ။ ဆိုင်တွေ အနောက်မှာ ခဏဆိုရင် ရပ်လို့ (တရားဝင်မဟုတ်)ရနိုင်ပေမယ့် ၁နာရီလောက်ကြာတဲ့ ခဏဆိုရင်တော့ Tower of Hamlet car pound မှာ ပေါင် ၂၀၀ ပေးပြီး သွားရွေးရနိုင်ပါတယ်။ ဗူးညွှန့်၊ သရက်ကင်း၊ ငှက်ပျောအူတို့လည်း အဲဒီလမ်းတလျှောက်က ဆိုင်တွေမှာ တခါတရံ ရတတ်ပါတယ်။

Turnpike Lane (piccadially) မှာတော့ စတေရှင်က ထွက်လိုက်ရင် ဘက်စ် စတေရှင်လို့ ပြထားတဲ့ဖက်ကို မတက်ပဲ ဘယ်ဖက်က(news agent ရှေ့နားက)နေ မြေအောက်လမ်းလေးအတိုင်း တက်သွားလိုက်ပါ။ အပေါ်ရောက်ရင် ရှေ့နားနည်းနည်းဆက်သွားလိုက်ပြီး လမ်းကူးလိုက်ပါ။ အသီးအနှံတွေကို အပြင်ထုတ်ထားတဲ့ ဆိုင်လေး( ဆိုင်နာမည်က Food Hall လို့ ထင်ပါတယ်။)ရောက်ရင် တောင်းလေးဆွဲပြီး ခ၀ဲသီး၊ ခရမ်းသီး၊ ဗူးသီး၊ ဒန့်ဒလွန်သီး၊ သရက်သီးကင်း၊ ကင်းပုံသီး တွေကို တွေ့ကရာအိတ်ဆွဲပြီး ကြိုက်သလောက် ထည့်လိုက်ပါ။ ဆိုင်ထဲကို ဆက်ဝင်သွားပါ။ Agar Agar တွေ့ရင် တောင်းထဲထည့်ပါ။ (ကျောက်ကျော လုပ်စားချင်နေတယ်မဟုတ်လား။ သိနေတယ်။) မတွေ့ရင်လည်း ဆိုင်ထဲကလူကို မေးပြီး မတွေ့တွေ့အောင်ရှာပါ။ ရှေ့ဆက်သွားပါ။ Whole Yellow Bean တွေ့ရင် ၂ထုတ်လောက် ထပ်ဆွဲပါ။ ပဲပြုတ်လုပ်စား ရအောင်ပါ။ ကူလ်ဖီးလည်း ကြိုက်တတ်တယ် မဟုတ်လား။ တဗူးလောက် ထည့်ခဲ့ပါလား။ ပဲပလာတာပါ လုပ်စားရအောင် ပလာတာ ၂ထုတ်လောက် ဆွဲခဲ့ပါအုန်း။ ပြီးရင် ကောင်တာမှာ ကျသလောက်ရှင်းလိုက်ပါ။ ပေါင် ၃၀ .. ပလုံ...
အဲဒီကနေ ဒီဖက်လမ်းပြန်ကူးလိုက်ရင် မြန်မာငါးရောင်းတဲ့ ဆိုင်တွေရှိသေးတယ်။ ရှပ်ဝဲက ဆိုင်တွေလောက် မစုံပေမယ့် အဲဒီကို တကူးတက မသွားနိုင်တဲ့ အခါဆိုရင် ဒီမှာပဲ တခါတည်း ၀ယ်လိုက်ပါ။

Barbeque ရာသီရောက်လာပြီဆိုတော့ အင်္ဂလန်ကထွက်တဲ့ ငါး၊ ပုဇွန်တွေ ဈေးသက်သက်သာသာ ရနိုင်မယ့်နေရာကို သိထားရင် ကောင်းပါတယ်။
Billingsgate Market
Trafalgar Way
London
E14 5ST
ဒီမှာ အင်္ဂလိပ်ငါး၊ ပုဇွန်၊ ဂဏန်းတွေ ရပါတယ်။ မနက် ၅နာရီလောက် စပြီး ဈေးဖွင့်တယ်လို့ပြောပါတယ်။ ၇နာရီလောက် ရောက်အောင်သွားရင် ဈေးပေါင်ကျိုးနဲ့ အကိုက်ပါပဲ။ ၈နာရီဈေးပိတ်ပါတယ်။ စောစောသွားရင် လူအရမ်းရှုပ်ပြီး ကိုယ်လို နည်းနည်းပဲ ၀ယ်မယ့်သူတွေကို ဈေးသည်က တယ်အရေးမလုပ်ချင်ပါ။ တွန်းလှည်းယူသွားခွင့်မရှိပါဘူး။ ဆိုင်တွေက အိတ်အမည်းတွေနဲ့ ထည့်ပေးပါတယ်။ အားလုံးနည်းပါးက ဖေါ့ပုံးလိုက်ပဲရောင်းပါတယ်။ တချို့ဆိုင်တွေကတော့ ကီလိုနဲ့ ရောင်းပါတယ်။ ကားပါကင်က ဖရီးပါ။

ပျော်ရွင်ဖွယ်ရာ နွေရာသီ ဖြစ်ကြပါစေ။

14 comments:

Nthaw | April 20, 2009 at 12:26 PM
This comment has been removed by the author.
Nthaw | April 20, 2009 at 12:27 PM

Thank you so much for all the details. Those are precious. Can't wait to buy our myanmar food. Please keep posting.

myanmarblogreader | April 21, 2009 at 3:51 PM

အလယ်လာခဲ.ပါဦး
http://myanmarblogreader.blogspot.com/

Nu Thwe | April 21, 2009 at 7:29 PM

ထိုင်းဆိုင်က ဓညင်းသီးမျိုးနဲ့ တူတယ်။ ဟုတ်တယ်၊ စိမ်းစိမ်းသေးသေးလေးတွေ။ ဘာမှ အရသာ မရှိဘူး။
ငါးသလောက်ပေါင်း စားချင်တယ်။ သူတို့ဆိုင်တွေမှာ စက်ဓားနဲ့ ဖြတ်ပေးမှ အဆင်ပြေတာ။ အိမ်ကျမှ မခုတ်တတ်ဘူးလေ။
ဘူးညွန့် ဟင်းချိုလေး သောက်ချင်လိုက်တာ။ ပုစွန်ခြောက်မှုန့်များများနဲ့ ချက်၊ နှမ်းဆီလေး ဆမ်းပြီး ငရုတ်သီးခြောက် အတောင့်ပွ မီးဖုတ်လေး ချေထည့်လိုက်ရရင်...အဟမ်း။
Billingsgate fish market ကို လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ရောက်ဖူးတယ်။ အိမ်ရှင် သူငယ်ချင်းက ဂဏန်းဟင်း စားချင်တယ်ဆိုလို့ သွားဝယ်ကြတာ၊ မနက် အစောကြီး။ ဒီက ဂဏန်းတွေကို မချက်တတ်ဘူး။ ညှီနံ့ ပျောက်အောင် လုပ်နည်းလေးများ သိရင် ပြောပါဦး ညီမရေ။ ကျေးဇူးနော်။

TZA | April 22, 2009 at 2:10 PM

ဒီနာမည်လေး ကြားဖူးနေတာ “ကြာပီ”ဗျာ၊ အခုမှ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်တော့တယ်။ လက်စသတ်တော့ လုံဒုံသားကိုး၊ ဟဲဟဲ။

ဆောင်း | April 22, 2009 at 10:26 PM

လုံဒုံကဆိုရင် စာပြန်ပေးပါလားဟင်
saundoo@gmail.com

Unknown | May 3, 2009 at 1:19 PM

Hi. I have been trying to find out which Myanmar font's been used in this blog. I had spent a great amount of time searching on this page but didn't manage to find anything that is related to what font is needed to be able to read or what so ever info on any of the pages. Could somebody please tell me what myanmar font do I need. All I can see is just the square boxes and some English words as I only have Zaw Gyi One installed. Would be great if someone could tell me the one you are using so I can get on with my reading.

Thanks.

Unknown | May 3, 2009 at 7:49 PM

Hi Rommy

I always find this problem with myanmar webpages that uses Zawgyione. I have Zawgyione on my computer but it just shows square boxes. What I do is, I just copy these paragraphes and paste them onto word, then select all and change font to Zawgyione. Then you will see it in myanmar fonts. regards

Unknown | May 4, 2009 at 9:45 AM

Hi Hlaing. Thank you so much for this. I've never thought of this copy & paste on word doc idea. You are a genius. Have a great day!

PAUK | May 12, 2009 at 5:22 PM

ဘာရယ်မဟုတ်..လူတကာလာပြောလွန်းလို့ ၀င်လာကြည့်သည်..။။
(ခေတ်မမှီမှာစိုးသောကြောင့်..)
စကားမစပ် ကင်းမုံသီး ဗုံလုံသီးမသိပါ..
အစားတစ်လုပ်အတွက်လဲ အဲ့ဒိလောက်
ဒုက္ခမခံနိုင်ပါ..။။

Unknown | May 14, 2009 at 4:04 AM

To Rommy n Hlaing,

For Mozialla,after installing Zawgyione font,need to go to, Tools/options/Content/Fonts & Colors > choose Zawgyi-One font. Also in Advanced Tag,to enable the brower to view Zawgyione.
Hopefully should be alright.

mae | June 13, 2009 at 9:30 PM

အခုမှ တွေ့မိတယ်၊ နောက်တခါ london သွားရင် print ထုတ်ပြီး ယူသွားပါမယ်
:)

SHWE ZIN U | November 21, 2009 at 9:26 AM

အလည်တခေါက် အရောက်လာခဲ့တယ်ဗျို့

Unknown | January 8, 2010 at 10:02 AM

love this article..made me smile but very useful and need to note them down for furture use...Tnz..