ငါက အောင်လံကိုင်ဆောင်ဖို့
နှင်းတောင်ပေါ်ကို အတက်...
ငါ့သားက
အင်ဒိုနီးရှား ဆုမတ္တရကျွန်းဆွယ်
ရေလယ်သင်္ဘောမှာ ပက်လက်
မျက်ရည်စက်နဲ့ ဆက်သွယ်ပြီး
ကြီးကျယ်တဲ့ ရင်ထဲက ပဲ့တင်သံ
အပြန်ပြန်ရိုက်ခတ်
မီဒန်မြို့ဆေးရုံ ကမ်းခြေအစပ်မှာ
အမှတ်တရ သင်္ဂြိုဟ်ခဲ့ရတယ်။
နော်ဝေနိုင်ငံ ထိုင်းဘုန်းကြီးကျောင်းက
ခေါင်းလောင်းထိုးသံ
သားထံရောက်ပါစေသော်။
ကွာလာတန်ကျွန်းကို သင်္ဘောကပ်
မတ်တပ်က လဲကျ
အဖနဲ့ မိသားစုကို စွန့်ခွာပြီး
ကောင်းရာသုဂတိ သွားလေသလား
နှင်းကြားက ၀ိုးဝါးမှုန်
ငါ့လက်တွေ တုန်လို့
သားရုပ်ပုံ မှန်းတဆဆနဲ့
မျက်ရည်တွေ ကျခဲ့ရတယ်။
သားတို့လို လူငယ်များ
နိုင်ငံရပ်ခြားမှာ ဆင်းဆင်းရဲရဲနဲ့
ရင်ကွဲနာကျ အလုပ်လုပ်နေရရှာတဲ့
မြန်မာလူငယ်တွေရဲ့ဘဝ
ရင်နာစရာ ကောင်းလှတယ်။
အမိနိုင်ငံက မပျိုးထောင်နိုင်လေတော့
မခိုင်မာ မရေရာတဲ့ အနာဂတ်
သူများအရပ်မှာ ခိုကပ်ပြီး
ခြေနင်းဖတ်သဖွယ် မျက်နှာငယ်ရတဲ့
မြန်မာလူငယ်ကလေးတွေ
ပြေးစရာ မြေမရှိရှာပါကလား။
သူများနိုင်ငံတွေမှာတော့ မျိုးဆက်သစ်မှန်ရင်
ရှင်သန်အောင်ရေလောင်း
ကျောင်းတတ်လိုက် ခရီးထွက်လိုက်နဲ့
မျက်နှာလေးတွေ တရွှင်လန်းလန်း
လူငယ်ပန်းပွင့်လိုက်ကြ။
ငါတို့နိုင်ငံသား
လူငယ်များမှာတော့
ရေရှား မိုးရှား ပညာတံခါးတွေပိတ်
မျက်စိတွေပိတ် နားတွေပိတ်
တိရိစ္ဆာန်သဖွယ်
မျက်နှာဆီးရွက်လောက်ငယ်လို့
အရွယ်နဲ့ မမျှ
သေပန်းပွင့်ကြရရှာတယ်။
ကိုယ့်မွေးရပ် ကိုယ့်နိုင်ငံက
ဘူမိနက်သန်မဟုတ်လေတော့
သုသာန်မြေပြောင်းပြီး
ကောင်းရာဘုံ မြန်းကြလေရော့သလားကွယ်။
(မြန်မာနိုင်ငံသားလူငယ်များ အားလုံးအတွက် ရည်စူးဖွဲ့ဆိုထားပါတယ်။)
ဆရာ တင်မိုး
[Friday, June 1, 2007]
[Sunday, April 29, 2007]
ငါပြောချင်သမျှ ငါ့အကြောင်း-ဒေါက်တာသန်းထွန်း
Labels: ကိုယ့်အကြိုက် စာပေစု 1 comments
ကျွန်မ အလေးစားဆုံး သမိုင်းပညာရှင်ကြီးပါ......
ဗမာတစ်မျိုးသားလုံးရဲ့ ဂုဏ်ယူဖွယ်ရာ ကမ္ဘာ့အသိအမှတ်ပြု ပညာရှင်ကြီးဖြစ်ပါတယ်။
ဗမာ့သမိုင်းနဲ့ ပတ်သတ်ပြီး သုတေသနတွေ အများဆုံးလုပ်ခဲ့သူပါ၊ မန္တလေးတက္ကသိုလ်မှာ သမိုင်းကထိက၊ပါမောက္ခ အဖြစ် ၁၅နှစ်လောက် စာသင်ခဲ့ပါတယ်။ သမိုင်းသင်တာ မအ အောင်လို့ဆိုတဲ့ စကားတစ်ခွန်းထဲနဲ့ လူငယ်တွေကို သမိုင်းပညာ စိတ်ဝင်စားစေ ခဲ့သူပါ။ သူရဲ့ အထင်ရှားဆုံး သုတေသန အလုပ်တစ်ခုကတော့ အတွဲ ၁၀တွဲရှိတဲ့ အမိန့်တော်ပေါင်းချုပ် (Royal Orders of Burma)ပဲဖြစ်ပါတယ်။ အဲဒီစာကိုရေးနိုင်ဖို အနှစ် ၃၀လောက် အရပ်ရပ်လည်ပြီး အထောက်အထားတွေ စုခဲ့ရတယ်လို့ဆိုပါတယ်။
စကားပြောရင် ဒုတ်ထိုးအိုးပေါက် တည့်တည့်ပဲပြောတတ်လို့ လူမုန်းများတယ်လို့ ဆိုပါတယ်။ ကဲ... ဆရာကြီးရဲ့စာပေတွေထဲက ငါပြောချင်သမျှ ငါ့အကြောင်းကို အမြည်း လေး ဖတ်ြကည့်ရအောင်......
(ဒီစာအုပ်ကို ဖတ်ချင်ရင် ကိုရန်ရဲ့ ဘလောက်ထဲမှာ ဒေါင်းလုပ် ယူလို့ရပါတယ်... ကြော်အောင် ငြာရတာမဟုတ်ပါဘူး..ကြော်ပြီးသားလေးပါ)
ကျောင်းဆရာဘဝ
ဖဆပလ အစိုးရက ငါ့ကို ဘာအလုပ်မှ မပေး၊ လျှောက်လွှာတင်တိုင်း အပယ်ခံရလို့ ငါကျောင်းဆရာဖြစ်နေတာ။ မင်းတို့ကို ငါက စေတနာ မေတ္တာရှိလို့ ဆရာလုပ်နေတာ မဟုတ်ဘူး လို့ ကျောင်းသားတွေကို ငါပြောထားပါတယ်။ " ကျောင်းဆရာအလုပ်ဆိုတာ မင်းတို့ကို ဘယ်လောက်သင်သင် မတတ်ဘူး။ ငါ့မှာလည် သုတေသန အလုပ်ပျက်တယ်၊ နှစ်ဦးအကျိုးမရှိတဲ့ လုပ်ငန်းကို ငါ အနှစ် ငါးဆယ်လုပ်ခဲ့ရတယ် "လို့ ပြောမိတယ်၊ ဒီတပည့်တွေ ညံ့ပုံပြောရရင် " ဖဆပလတွေ ဖျင်းသလား မမေးနဲ့၊ လွတ်လပ်ရေးကျောက်တိုင်တောင် ဖြောင့်အောင် မစိုက်နိုင်ဘူး "ပြောတာ အဟုတ်မှတ်လို့ သွားကြည့်တယ်။ ငါ့ကို အလုပ်ဝတ္တရား မကျေဘူး ဆိုပြီး အလုပ်က ဖြုတ်ပစ်ဖို့ ကောင်းပါတယ်။ ဘာလုပ်စားမလဲဆိုရင် ဗေဒင်ဟောမယ်၊ဘိုးတော်လုပ်မယ်၊ ရှေ့နေလိုက်မယ်။ ဒီသုံးခုထဲက ဘာလုပ်လုပ် ချမ်းသာနိုင်တယ်။
ဆရာကန်တော့ပွဲ
စာမေးပွဲကြီးအပြီး ကျောင်းရက်ရှည်ပိတ်တော့မယ်ဆိုရင် ဆရာကန်တော့ပွဲလုပ်ကြတယ်။ ငါကတော့ စာမေးပွဲ အချောင်အောင်ဖို့ လာဘ်ပေးတာလို့ တွက်တယ်။ မဖြစ်စလောက်နဲ့ နာမည်ပျက်တယ်၊ ငါက ဆုမပေးပါ၊ မင်းတို့ပေးတာက နည်းတယ်၊ ငါက ပြန်ပြီး နိဗ္ဗာန်ဆု မပေးနိုင်ဘူး၊ မင်းတို့နဲ့ မတန်ဘူးလို့ ပြောမိတယ်။ ဒါပေမယ့် အချက်သုံးချက်တော့ ပြောပါတယ်။
၁၊မင်းတို့ကိုယ်တိုင် ကြိုးစားပြီး အောင်ပွဲရမှ အောင်ရကျိုးနပ်တယ်။
၂။မင်းတို့ အခုစာမေးပွဲအောင်ရင်လဲ မင်းတို့တော်လို့မဟုတ်ဘူး၊ ငါအအောင်ပေးလို့ အောင်တာ။
၃။နောင် ငါ့ကိုလမ်းမှာတွေ့ရင် နှုတ်မဆက်နဲ့၊ ငါက မင်းတို့ကို မှတ်မိမှာ မဟုတ်ဘူး။ မင်းတို့က ဆရာ့တပည့်ပါလို့ ပြောလာရင်တော့ ခိုင်းလိမ့်မယ်၊ကျောင်းဆရာဆိုတာ အားမနာတတ်ဘူး။
သူတို့က စာအုပ်ဗီရို၊ ခုံတန်းလျား၊ ကုလားထိုင် ယူလာတဲ့ အခါ ဥပမာ-"၁၉၇၉ သမိုင်းစတုတ္ထနှစ်ကျောင်းသားများ ကောင်းမှု" လို့ စာတန်းထိုးတယ်၊၊ ဒါဇရပ်မဟုတ်ဘူး၊ ပြန်ယူသွားလို့ ပြောရတယ်၊ ရှေးပုံစံ ကုလားထိုင်ကြီး လာပေးတော့လဲ" ဒါမျိုးက ပြတိုက်မှာထား၊ ဒီမယူခဲ့နဲ့၊ ထိုင်လို့ မကောင်းဘူး.." ပြောရတယ်။

Subscribe to:
Posts (Atom)