ကြာပီ

[Tuesday, October 4, 2011]

ထွေရာလေးပါး

2 comments

ထွေရာလေးပါး မပြောနိုင်တာကြာပီ။ ဇော်ဝင်းထွဋ္ဋ်သီချင်းလိုပဲ တဖျတ်ဖျတ်နဲ့ ရုပ်ရှင်ကြည့်ရသလို ဖြစ်ပျက်တာတွေက မြန်ဆန်လွန်းနေတယ်။ အလုပ်လုပ်တယ်။ ထွက်တယ်။ လုပ်တယ်။
ကျောင်းတက်တယ်။ ထွက်တယ်။ ပြန်တက်တယ်။ ဖီလင်ချင်းတော့ ဘယ်တူတော့ မလဲလေ။
သားသုံးကောင်လည်း မျက်စိအောက်တင် ကြီးကြီးလာလိုက်တာ အကြီးကောင်က သူ့ကို မနမ်းပါနဲ့ မေမေတဲ့။
သားတွေဆိုမှ အကြီးကောင် နောက်နှစ်ကျောင်းသွားရတော့မယ်။ ဆိုတော့ တွေ့တုန်း ပွားရအုန်းမယ်။
ကျောင်းက အွန်လိုင်းကနေ စလျှောက်လို့ရနေပြီ။ မူကြိုက ကိုယ့်မြို့နယ်လေးထဲမှာ ရှိတဲ့ကျောင်းတွေ အညွန်းစာအုပ် ပေးလိုက်တယ်။ အဲဒီထဲက ကိုယ်ကြိုက်တာ လျှောက်ပါလေပေါ့။ အိမ်နဲ့ကျောင်းနဲ့ အနီးဆုံးတွေက ရနိုင်ခြေများပါ၏။ ဘလောက်တွေ မဖတ်ဖြစ်တာကြာပီ။ မမကွန်ကလွဲလို့။ အခုနောက်ပိုင်း အဲလို ပေါပေါလေးပဲ ဖတ်ချင်တော့တယ်။ တွေးမနေရလေ ကြိုက်လေပေါ့။ စာအုပ်ကတော့ ပို့ပေးတဲ့လူဆန္ဒကို လိုက်ပြီးဖတ်ရတာကလား။ အိမ်ပြောင်းတုန်းက စာအုပ်တွေ ဂိုဒေါင်ပို့ထားရတာ အခုတော့ ၆ပုန်းတိတိ ပြန်ယူလာပြီ။ ကျောင်းလည်းစတက်ရော စာအုပ်တွေလည်း ရလာရော အံကိုက်ပဲ။ ရွှေဥဒေါင်းရဲ့ တသက်တာမှတ်တမ်းလေး နုနုရည်လာကလည်း တေးထားတာ အခုမှ ပြန်ဖတ်ရတယ်။ ထ၀ကနေ သယ်လာတဲ့ သားအမိကို ကျေးဇူးတင်စရာပဲ။ ဂလောက်ပါပဲ။ တော်သေးပီ။ ဒေါ်အေးကြည်။

[Wednesday, February 24, 2010]

တောင်ရောက် မြောက်ရောက်

3 comments

Blog Template မည်းမည်းကြီးကို  ပြောင်းချင်လို့  လှလှပပလေးတွေတွေ့တိုင်း ကိုယ့်ဘလောက်လေးမှာ  စိတ်ကူးနဲ့ပုံဖေါ်ကြည့်ရတယ်။ အရင်Templateကိုလည်း မကြိုက်မဟုတ်၊ သူများတွေလို လှလှပပမသုံးတတ်လို့ နေ့စွဲကအစ မပေါ်တော့လည်း ကြည့်မကောင်းပြန်ဘူး။ ဒါနဲ့ကြိတ်ကြိတ်ရှာနေတာ  မနေ့ကတော့  စိတ်ကြိုက်ရသွားတယ်။ ဒီပို့စ်က မနေ့ညက  အိပ်ချင်မူးတူးနဲ့ ရိုက်ထားပြီး အခုမှ မော်ဒီဖိုင်းပြန်လုပ်တယ် ပြောပါတော့။  မော်ဒီဖိုင်းပဲ ပြန်လုပ်ရလို့  တော်တော်တော့တယ်။  လက်နဲ့တော့ရတဲ့  ဟာက ကီးဘုတ်ရေ၀င်သွားလို့ ကီးတွေကပ်ပြီး space,7n,4b,0/,arrows keys  တွေ  ရိုက်လိုက်ရင် ရှင်းမပြချင်လောက်အောင်ကို  ရိုက်ရခက်လို့  စာတောင် မတင်ချင်ဘူး။ ကဲ   ဒါက ထားတော့။

comments အဟောင်းတွေပြန်ကြည့်တော့ နေးတစ်ကလင့်ကို ပြန်တင်ထားတဲ့ မြန်မာသီချင်းအဟောင်းတွေက အများဆုံးဖြစ်နေတယ်။ အိမ်ရှင်က reply ပြန်ဖို့မအားတော့ လာလည်သူ အချင်းချင်း ယူတဲ့သူနဲ့ ပေးတဲ့သူနဲ့ သူ့ဟာနဲ့သူတော့ အလုပ်ကိုဖြစ်လို့။ ကော်မန့်တွေ ဘာလို့ မပြန်ဖြစ်လည်း ဆိုတော့ မအားတာက အဓိကရယ် သိပ်မပြန်တတ်တာရယ်ပါတယ်။ ဒါနဲ့များ မမကွန် စီဘောက်မှာ သိတဲ့သူလည်း မရှိပဲနဲ့ အရှက်မရှိ သွားသွားအော်နေသေးတယ်။

အခုတော့ ကိုယ့်ဘလော့မှာလည်း စီဘောက်ကလေးထည့်ဖို့ စဉ်းစားနေပြီ။ သူများတွေ မလာလည်း ကိုယ့်ဖာသာကိုယ် စာရိုက်ကျင့်လို့တော့ ရမှာပဲလေ။

  ပို့စ်နဲ့  သီချင်းနဲ့တော့ဘာမှမဆိုင်။သို့ပေမယ့်....    ကြည့်ပါအုန်းလေ။