Blog Template မည်းမည်းကြီးကို ပြောင်းချင်လို့ လှလှပပလေးတွေတွေ့တိုင်း ကိုယ့်ဘလောက်လေးမှာ စိတ်ကူးနဲ့ပုံဖေါ်ကြည့်ရတယ်။ အရင်Templateကိုလည်း မကြိုက်မဟုတ်၊ သူများတွေလို လှလှပပမသုံးတတ်လို့ နေ့စွဲကအစ မပေါ်တော့လည်း ကြည့်မကောင်းပြန်ဘူး။ ဒါနဲ့ကြိတ်ကြိတ်ရှာနေတာ မနေ့ကတော့ စိတ်ကြိုက်ရသွားတယ်။ ဒီပို့စ်က မနေ့ညက အိပ်ချင်မူးတူးနဲ့ ရိုက်ထားပြီး အခုမှ မော်ဒီဖိုင်းပြန်လုပ်တယ် ပြောပါတော့။ မော်ဒီဖိုင်းပဲ ပြန်လုပ်ရလို့ တော်တော်တော့တယ်။ လက်နဲ့တော့ရတဲ့ ဟာက ကီးဘုတ်ရေ၀င်သွားလို့ ကီးတွေကပ်ပြီး space,7n,4b,0/,arrows keys တွေ ရိုက်လိုက်ရင် ရှင်းမပြချင်လောက်အောင်ကို ရိုက်ရခက်လို့ စာတောင် မတင်ချင်ဘူး။ ကဲ ဒါက ထားတော့။
comments အဟောင်းတွေပြန်ကြည့်တော့ နေးတစ်ကလင့်ကို ပြန်တင်ထားတဲ့ မြန်မာသီချင်းအဟောင်းတွေက အများဆုံးဖြစ်နေတယ်။ အိမ်ရှင်က reply ပြန်ဖို့မအားတော့ လာလည်သူ အချင်းချင်း ယူတဲ့သူနဲ့ ပေးတဲ့သူနဲ့ သူ့ဟာနဲ့သူတော့ အလုပ်ကိုဖြစ်လို့။ ကော်မန့်တွေ ဘာလို့ မပြန်ဖြစ်လည်း ဆိုတော့ မအားတာက အဓိကရယ် သိပ်မပြန်တတ်တာရယ်ပါတယ်။ ဒါနဲ့များ မမကွန် စီဘောက်မှာ သိတဲ့သူလည်း မရှိပဲနဲ့ အရှက်မရှိ သွားသွားအော်နေသေးတယ်။
အခုတော့ ကိုယ့်ဘလော့မှာလည်း စီဘောက်ကလေးထည့်ဖို့ စဉ်းစားနေပြီ။ သူများတွေ မလာလည်း ကိုယ့်ဖာသာကိုယ် စာရိုက်ကျင့်လို့တော့ ရမှာပဲလေ။
ပို့စ်နဲ့ သီချင်းနဲ့တော့ဘာမှမဆိုင်။သို့ပေမယ့်.... ကြည့်ပါအုန်းလေ။
khin
6 years ago