ကြာပီ

[Monday, April 21, 2008]

ဂန္တ၀င် မြန်မာသီချင်းများ

49 comments

မြန်မာသီချင်းဟောင်းတွေ တော်တော်စုံတဲ့ လင့်ပါ။ နေးတစ်မြန်မာဖိုရမ်က ကိုဗိုက်ကလေးပေးထားတာပါ။

ဒေါ်ကြည်ကြည်ဌေးရဲ့ ပန်းပန်လျက်ပဲ က စလို့
ဝင်းဦး၊ သုမောင်တို့အထိ သီချင်းဟောင်းတွေ ပါဝင်ပါတယ်။

ကျွန်မကြိုက်တဲ့ သီချင်းတွေကတော့ ဒီပါအေးမြ၊ မေဓါဝီ၊ မင်္ဂလာဆုတောင်း၊ ပွဲကြိုက်ခင်၊ တိမ်တမန်၊ပြည်တော်ဝင် ...
ဒီအထဲမှာ မပါတဲ့ အောင်ပင်လယ်၊ အပျိုတော်ပို့၊ ကိုအံ့ကြီးသီချင်းနည်းနည်းပါးပါးလည်း စက်ထဲမှာ ရှိပါသေးတယ်။
လိုချင်တဲ့လူရှိရင် ကော်မန့်ထဲမှာ အော်ခဲ့ပါ။ မေးကနေ ပို့ပေးပါမယ်။ သုမောင်ရဲ့ ဆင်ကြီး ဂဠုန်ချီရှိရင် မျှကြပါအုန်း။ ကျွန်မဆီမှာ ရှိတာက ကွာလတီ သိပ်မကောင်းလို့ပါ။

[Thursday, March 27, 2008]

ကြာဇံဟင်းခါး

5 comments

မရေးတာကြာတဲ့ ဘလောက်လေးကို အစားနဲ့ ဖွင့်ပွဲ ပြန်လုပ်လိုက်ပါတယ်။
မနက်နိုးလာလာချင်း ဒီနေ့ ငါဘာလုပ်စရာရှိလဲ အရင်မတွေးပဲ ဘာစားရင်ကောင်းမလဲပြီး လျှောက်မွှေကြည့်တော့ ကြာဇံဝယ်ထားတာလေး ရယ် မှိုခြောက်ပန်းခြောက်ကလေးရယ် ပဲပြားခြောက်ရယ်တွေ့တာနဲ့ ကြက်သားသွားဝယ်ပြီး ကြာဇံဟင်းခါးချက်စားဖို့ ပြင်လိုက်ပါတယ်။





လန်ဒန်က ဗမာများအတွက်တော့ ကြာဇံဟင်းခါးဟာ လူမပင်ပန်းစေတဲ့ မြန်မာအစားအစာတစ်မျိုးဖြစ်ပါတယ်။ ပါဝင်တဲ့ပစ္စည်းလည်း နည်းပြီး ချက်ရတာလည်း လွယ်လို့ပါ။

ကဲ အရင်ဆုံး ကြက်တစ်ကောင်ကို ချင်း၊ကြက်သွန်ဖြူ အပြားလိုက်ရိုက်ပြီး ထည့်ပြုတ်လိုက်မယ်။ဆား၊ အချိုမှုန့်ကတော့ နည်းနည်းစီပေါ့။

ပြီးရင် တဖက်က
မှိုခြောက် နည်းနည်းနဲ့ (တရုတ်ဆိုင်တွေမှာ အလွယ်တကူဝယ်လို့ရပါတယ်)
ပဲပြားခြောက်ကို ဇလုံတခုထဲမှာ ရေနွေးပူပူနဲ့ စိမ်ထားပါတယ်။
ကြက်သွန်နီ၊ချင်း၊ကြက်သွန်ဖြူ နည်းနည်းစီကို စက်နဲ့မွှေထားပါတယ်။

ကြက်သားနူးလောက်ရင် ဆယ်ထားပြီး အေးတဲ့အခါ အသားတွေ နွှင်ထားပါတယ်။ အရိုးကို ကြက်ပြုတ်ရည်ထဲ ပြန်ထည့်ပါတယ်။
မွှေထားတဲ့ ကြက်သွန်ဖြူ၊နီ၊ ဂျင်းတွေကို ဆီသတ်ပြီး နနွင်း၊ အရောင်တင်ထည့်ပါတယ်။ ဆီပြန်ပြီး မွှေးလာရင် နွှင်ထားတဲ့ ကြက်သားတွေ ထည့်မွှေပါတယ်။ တခါထဲ ဆား၊အချိုမှုန့်၊ယိုးဒယားငံပြာရည်ထည့်ပါတယ်။

မွှေးလာရင် ကြက်ပြုတ်ရည်ထဲကို လုံထားတဲ့ ကြက်သားတွေ ထည့်ပါတယ်။ ပြီးရင်တော့ ရေစိမ်ထားတဲ့ ပဲပြား၊ မှိုခြောက်နဲ့ ပဲကြာဆံထည့်မွှေပေးလိုက်တော့ ကြာဇံဟင်းခါးပူပူလေး ခပ်သောက်လို့ရပါပြီ။ အပေါ့အငန်တော့ လိုသလောက်ထည့်ပေါ့။
အဲ ပုံထဲမှာတော့ ငါးဖယ်တဗူးတွေ့လို့ကြော်ပြီး ပါးပါလှီးထည့်ထားသေးတယ်။